Digital Marketing မှာ Programmatic Advertising ဆိုတာဘာလဲ? - DKMads

Digital Marketing မှာ Programmatic Advertising ဆိုတာဘာလဲ?
DKMads Programmatic - Digital Marketing

မြန်မာနိုင်ငံမှာ Digital Marketing ဟာ Advertising လမ်းကြောင်းပေါ်စရောက်လာတဲ့ အချိန်မှာ Social Media, SEM, SEO နဲ့ PPC တို့ကို တစ်ချို့ Brand တွေနဲ့ Service ပေးတဲ့ company တွေမှာ တွင်တွင်ကျယ်ကျယ် စတင်အသုံးပြုလာကြပါတယ်။ အဲ့ဒီအချိန်တုန်းက Digital Marketing မှာ PPC (Pay Per Click) လို့ လူသိများတဲ့ Local Ad Network တွေ Google ရဲ့ Ad Network ဖြစ်တဲ့ Google Adwords (အခုအချိန်မှာ Google Ads လို့နာမည်ပြောင်းထားပါတယ်) တွေဟာ အရေးပါတဲ့ Digital Advertising platform တွေဖြစ်လာပါတယ်။ အဲ့ဒီလိုနဲ့ Mobile Application တွေတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတဲ့အချိန်မှာ တစ်ကမ္ဘာလုံးမှာ Google Ads လိုမျိုး Ad Network တွေအများကြီးပေါ်ထွက်လာခဲ့ပါတယ်။ Mobile Application တစ်ခုဟာ Ad Network တစ်ခုသာ အသုံးပြုခွင့်ရတာဖြစ်တဲ့အတွက် Audience တွေဟာလဲ Ad Network တစ်ခုစီကွဲထွက်သွားပါတယ်။ အဲ့တော့ Display Ads တွေကြော်ငြာတဲ့အခါ Ad Network တစ်ခုထဲသုံးမယ်ဆိုရင် ကိုယ်ရဲ့ Target Audience အကုန်လုံးဆီကိုရောက်ဖို့ အခွင့်အလမ်း တော်တော်နည်းသွားတော့တာပေါ့။

Advertiser တွေအနေနဲ့လည်း ရှိသမျှ Ad Network တွေကိုလိုက်သုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိင်သလို ကုန်ကျစရိတ်ကလည်း များလွန်းနေပါတယ်။ ဒီလိုနဲ့ပဲ Ad Network တွေက Inventory တွေများပြီး ဝယ်ယူမဲ့ Demand နည်းနေတာကြောင့် သူတို့ရဲ့ ပိုနေတဲ့ Inventory တွေကို ရောင်းနိုင်မဲ့ နည်းလမ်းကို ရှာဖွေနေဆဲမှာပဲ Ad Exchange တွေပေါ်ထွက်လာခဲ့ပါတယ်။ Ad Network တွေဟာ ပိုနေ့တဲ့ Inventory တွေကို Exchange တွေနဲ့ ချိတ်ဆက်ပြီးရောင်းချလာရာကနေ သူတို့ရဲ့ ကိုယ်ပိုင် Exchange တွေကိုလည်း ပြုလုပ်လာကြပါတယ်။ အဲ့တော့ အဲ့လိုပေါများလာတဲ့ Ad Network တွေ Exchange တစ်စုတစ်စည်းထဲ ဖြစ်ဖို့အတွက် Programmatic Platform တွေကိုပြုလုပ်လာကြပါတယ်။ Programmatic Platform တွေဟာ Ad Network တွေ Exchange တွေများစွာကို စုစည်းမိပေမဲ့ User တွေရဲ့ Profile တွေကိုတော့ အဆင်သင့် မရရှိကြပါဘူး။ Audience Targeting မှန်မှန်ကန်ကန်လုပ်နိုင်ဖို့အတွက်နဲ့ Audience Data တွေခွဲခြားသိမ်းဆည်းဖို့အတွက် DMP လို့ခေါ်တဲ့ Data Management Platform တွေနဲ့ ထပ်မံချိတ်ဆက်ရပါတယ်။ DMP တွေဟာ Audience Data တွေဖြစ်တဲ့ Demographic, Geo Graphic, Affinity နဲ့ တခြားသော Segment တွေကို Cookies တွေက တစ်ဆင့် သိမ်းဆည်းကြပါတယ်။ ဒါပေမဲ့ DMP တိုင်းဟာ Audience တိုင်းကို စုစည်းမိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီတော့ Audience Targeting ကို Strong ဖြစ်တဲ့ Programmatic Platform ကို ရွေးချယ်မယ်ဆိုရင် ကိုယ်ပိုင် DMP နဲ့ လည်ပတ်နေတဲ့ Programmatic Platform ကို ရွေးချယ်တာထက် ကိုယ်ပိုင် DMP အပြင် Data Rich ဖြစ်တဲ့ Google လိုမျိုး Third Party DMP တွေနဲ့ပါချိတ်ဆက်ထားတဲ့ Programmatic Platform တွေရွေးချယ်တာက ပိုပြီး ထိရောက်တဲ့ ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။

ကျွန်တော့်အနေနဲ့ Brand တိုင်းကို DKMads Programmatic Platform ကို အတင်းအကျပ်ရွေချယ်ပါလို့ မတိုက်တွန်းချင်ပါဘူး။ ဘာလို့လဲဆိုတော့ Brand တစ်ခုနဲ့တစ်ခုဟာ လိုအပ်ချက်တွေမတူတဲ့အတွက် DKMads မှာ ပါဝင်တဲ့အချက်တွေဟာ မိမိရဲ့ Brand ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီဖို့ပါသေးတယ်။ ဒါကြောင့်မို့ DKMads ရဲ့ အဓိကပါဝင်တဲ့ အချက်တွေကိုပဲ ပြောပြပေးသွားပါမယ်။ DKMads နဲ့ ချိတ်ဆက်ထားတဲ့ Exchange တွေဟာ Google Ad Exchange, Double Click Ad Exchange, Yahoo Ad Exchange, Appnexus, Openx, Rubicon, Ad Mob နဲ့ တခြားသော နာမည်ကြီး Ad Exchange ၃၀ ကျော်အပြင် မြန်မာနိုင်ငံက News Media တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ DKMads Ad Network နဲ့ပါချိတ်ဆက်ထားတာကြောင့် ကိုယ့်ရဲ့ Brand က မြန်မာနိုင်ငံက User တွေကို Target ထားတာဆိုရင် တခြားနိုင်ငံက Programmatic Platform တွေထက် မြန်မာနိုင်ငံရဲ့ Inventory ပိုများပါတယ်။ Right Targeting ရဖို့အတွက် DMP အပိုင်းကို ကြည့်မယ်ဆိုရင်လည်း DKMads မှာ ကိုယ်ပိုင် DMP ရှိပြီး Google, Lotame နဲ့ တခြားသော DMP များနဲ့ပါချိတ်ဆက်ထားတာဖြစ်တဲ့အတွက် Audience Targeting အပိုင်းမှာလဲ ပိုပြီး တိကျမှုရှိပါတယ်။ Brand Safety ပိုင်းမှာလဲ Default tools တွေပိုင်းမှာလဲ စိတ်ချရတဲ့အပြင် Third Party Brand Safety Tools တွေပါချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်။ Viewability ပိုင်းမှာလဲ ကိုယ်လိုချင်တဲ့ Viewable ရာခိုင်နှုန်းကို ဝယ်ယူနိုမှာဖြစ်သလို vCPM (Viewable CPM) နဲ့ပါဝယ်ယူနိုင်မှာဖြစ်ပါတယ်။

DKMads ရဲ့ Performance တွေကို တိုင်းတာဖို့အတွက် Real-Time Dashboard access ရရှိမှာဖြစ်ပြီး Third Party Tracking Tools တွေကိုလည် ချိတ်ဆက်အသုံးပြုလို့ရပါသေးတယ်။ ဒီအချက်တွေက ကိုယ်ရဲ့ Brand အတွက် အဓိက လိုအပ်တဲ့ အချက်တွေဆိုမှ DKMads ကို ရွေးချယ်သင့်ပါတယ်။ ကိုယ့်ရဲ့ Brand က Programmatic Advertising လုပ်တဲ့အခါ ဒီအချက်တွေရှိဖို့ မလိုအပ်ဘူးဆိုရင်တော့ တခြား မိမိနှစ်သက်ရာ programmatic platform ရွေးချယ်အသုံးပြုနိုင်ပါတယ်။

#Programmatic_Advertising #Display_Ads #Digital_Marketing #DKMads #Ad_Exchanges #Ad_Networks